မဲဆောက်ဆန်လှူပွဲ


ဆန်ဝေတဲ့ တရုတ်ဘုံကျောင်းရဲ့မုဂ်ဝ

မဲဆောက်မှာ ဆန်လှူပွဲဆိုတာမြင်ဘူးလား နှစ်စဉ်နှစ်တိုင်း မဲဆောက်တရုတ်ဘုံကျောင်းမှာ ဆန်လှူပွဲရှိတယ် အဲဒီဆန်လှူ ပွဲမှာ
ကျနော်တို့ရွှေမြန်မာတွေရဲ့ ဘ၀တွေ အခြေအနေတွေကိုတွေ့ရမှာပါ။ု
မဲဆောက်တမြို့လုံးမှာရှိတဲ့ မရှိဆင်းရဲသားမြန်မာပြည်သားတိုင်းရင်းသားပေါင်းစုံ အားလုံးဆန်ဝေတဲ့နှစ်တိုင်း ဒီနေရာမှာဆုံကြတယ်
မြ၀တီမြို့ပေါ်ကလည်းလာတယ်၊ တောရွာတွေထဲကလည်းလာတယ်။


ဆန်မလော(ဆိုဒ်ကား)နဲ့လည်းလာတယ် ဆက်ဘီးနဲ့လည်းလာကြတယ်
ခြေကျင်လျှောက်ပြီးလည်းလာတယ်



ဆရာလေးတို့လည်းလာတယ်


အဖွားကြီးတွေလည်းလာကြတယ်


ဒုက္ခိတတွေလည်းလာကြတယ်



သမီးလေးမျက်လုံးခွဲထားတယ်နေရိပ်ထဲကိုသွားလေ

သားသည်မိခင်တွေလည်းလာကြတယ်

မိမိတို့တိုင်းပြည်ဘယ်လောက်တိုးတက်နေပါတယ်လို့ မြန်မာပြည်စစ်အစိုးရ
ဘယ်လောက်တောင်ဖင်ခေါင်းကျယ်နေပေမဲ့ဒီဆန်လှူပွဲမှာ
မြန်မာပြည်သားတွေရဲ့ဘ၀တွေကိုကြည့်တတ်ရင်မျက်စိတဆုံးမြင်နိုင်ပါတယ်


ဒီလိုဆေးအစိမ်းရောင်သုတ်ထားတဲ့လက်နဲ့ လက်မှတ်လေးပါရင်သူတို့ဝေတဲ့ဆန်တထုပ်ရပြီပေါ့

မဲဆောက်မြို့တော်ဝန်လည်းလာရောက်ကြည့်ရူ့သွားပါတယ်

တရုတ်ရိုးရာပြဇတ်လည်းကြည့်ကြသေးတယ်

ဒီလိုအထုပ်တွေကို ၁၈ ဘီးကား၃စီးနဲ့ အပြည့်ပဲ

မနက်ကတည်းကလာစောင့်နေတာ ညနေသုံးနာရီခွဲအထိနေပူထဲမှာအပင်းပန်းခံစောင့်ရတယ်


ဆန်ဝေပါပြီ မတိုးကြပါနဲ့ခင်ဗျာပေါ့

သားသားတို့လည်းတထုပ်ရပြီ


ဖွားဖွားတို့လည်းတထုပ်ရပြီ


မေမေလည်းတထုပ်ပဲ

အမေ့လက်မှတ်ပျောက်သွားလို့တဲ့ ငိုနေရှာတယ်

ကိုကိုတို့လည်းတထုပ်

အိမ်ပြန်ကုန်ကြပြီ


တရုတ်ဘုံကျောင်းရဲ့နေရာတစိတ်တဒေသ


ဒီဆန်လှူပွဲမှာ မြန်မာပြည်သားချည်းပါပဲ ထိုင်းနိုင်ငံသားဆိုလို့ အယောက်တရာတောင်မပြည့်ပါဘူး
ကျနော်တို့မြန်မာပြည်သားတွေရဲ့ ကြီးမားတဲ့ဒုက္ခဆိုတာထက် တိုင်းပြည်ရဲ့ဂုဏ်သိက္ခာဆိုတဲ့ရှူ့ထောင့်ကနေကြည့်ကြစမ်းပါ
ဒီအခြေအနေတွေဟာ ယဉ်ကျေးမှူအရလည်းမဟုတ်ဘူး၊ သဘာဝအရဖြစ်လာတာလည်းမဟုတ်ဘူး
တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ လက်တွေ့ကျတဲ့အခြေအနေတွေကနေဖြစ်ပေါ်လာတာပါပဲ။

Read More...

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ်အကြံပြုချက်

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော


အခုအဲန်အယ်လ်ဒီမှာခေါင်းဆောင်တာဝန်ယူကြသူများဟာ ကျနော်နဲ့သက်တူနိုင်ငံရေးသမား များဖြစ်ပါတယ်။ ဒီအသက်အရွယ်အထိ တိုင်းပြည်တာဝန်ကို တတ်နိုင်သမျှထမ်းဆောင်နေကြ တဲ့အပေါ် ကျနော်အများကြီးလေးစားပြီးကြင်နာမိပါတယ်။ ဒါပေမဲ့

ကျနော်တို့တတွေဟာ အသက်အရွယ်အရ မနိုင်ဝန်ထမ်းသလိုဖြစ်နေရပါပြီ။ ကျနော်တို့စိတ်ဆန္ဒတွေဘယ်လိုဘဲရှိရှိ၊ လက်တွေ့အရ လှုပ်ရှားထမ်းဆောင်နိုင်မှု အင်အားတွေ ကျဆင်းနေပြီဆိုတာ ကျနော်တို့သိရ မှာပါ။ အခုအဲန်အယ်ဒီရဲ့ လက်ရှိအနေအထားဟာ ဗဟိုဦးစီးချုပ်ကိုင်မှု စနစ်တဖြည်းဖြည်းအား နည်းလာသလိုဖြစ်နေလို့ အဲန်အယ်ဒီလ်ရဲ့အနာဂါတ်အတွက် စိုးရိမ်မိပါတယ်။ အဲန်အယ်လ်ဒီ ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အရေးကြီးတဲ့ အောင်သီးအောင်လံ တရပ်ဖြစ်ပါတယ်။ အဲန်အယ်လ်ဒီ ရှင်သန်ရေးအတွက် အားလုံးဝိုင်းဝန်းကြရပါလိမ့်မယ်။ အဲန်အယ်ဒီအနေနဲ့ လည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မှ လှုပ်ရှားမှုစမယ်ဆိုရင် သိပ်နောက်ကျသွားပါလိမ့်မယ်။ ဒါ့ကြောင့် အချိန်ရှိခိုက် လုံ့လစိုက်ပြီး တတ်နိုင်သမျှ အဲန်အယ်ဒီတာဝန်ရှိသူများအနေနဲ့ မိမိ တို့ ပါတီအတွင်း စုစည်းညီညွတ်အောင်လုပ်ပြီး ပြည်သူများနှင့်အတူလက်တွဲကြဘို့ ကျနော် တိုက်တွန်းချင်ပါတယ်။
ဗိုလ်ကျော်ဇော
၁ . ၉ .၂၀၀၇။ ။

Read More...