Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ငါးရိုးနင်တဲ့ငွေလမင်း

ဆာကလည်းဆာလောင်
မြို့လယ်ခေါင်ကြီး

လရောင်တောင်မရှိ
ကောင်းကင်မော့ကြည့်မှ
ဟောဟို့ တိုက်အမိုးပေါ်မှာ
ထိုးထိုးထောင်ထောင် အပြိုင်အဆိုင်
တီဗွီတိုင်တွေရှုပ်ယှက်ခတ်
လမျက်နှာ အရိုးနင်နေပုံ
မြင်ရုံနဲ့မော
တောပဲပြန်ချင်တော့ပါတယ်။

( ကဗျာဆရာအောင်ပွင့်ရဲ့ ကောင်းကင်တော်တမ်းချင်း ကဗျာစာအုပ်မှကူးယူဖေါ်ပြသည်။)

Read More...

အခန်းထဲကမိတ်ဆွေများ

ငါ့အခန်းတလျှောက်စီတန်းလှည့်လည်နေတဲ့
ပုရွက်ဆိတ်တွေ
ငါ့ကိုသူဌေးလို့ထင်နေကြလား
ငါဟင်းကောင်းစားရတာဒီနေ့မှတခါထဲရယ်.......

ဘာမှရှိပါဘူးဆိုမှ
ညအချိန်မတော် အိုးခွက်လာလှန်စားတဲ့
ကြွက်လေးတွေ
မင်းတို့ကိုငါသနားတယ်.......

နှူတ်ခမ်းမွေးတထောင်ထောင်နဲ့
ပိုးဟပ်တွေ
ငါ့ကိုပညာရှိလို့များထင်နေကြလား
ဒီစာစောင်စာရွက်တွေက
ငါ့အိမ် အပေါက်တွေဖါမလို့ကွ......

ငါ့သွေးတွေဖေါက်သောက်ပြီးအသက်ဆက်ဖို့
ညညခိုးကြောင်ခိုးဝှက်လာတဲ့ကြမ်းပိုး(ဂျပိုး)တွေ
အိပ်မရအောင်တ၀ီဝီအော်နေကြတဲ့ ခြင်ကောင်တွေ
လက်နက်နဲ့ ငြိမ်းချမ်းရေးယူလို့ မရဘူးလား......

ငါမခေါ်ဘဲလာတဲ့ ကောင်တွေ
မင်းတို့ ကအိမ်ရှင်လား
ဒါမှမဟုတ်
ငါကဧည့်စာရင်းတိုင်ရမလား......

ဟူး... တကတည်း
ဆတ်ကြေးမပေးရတာကိုပဲ
ကြံဖန်ပြီးကျေးဇူးတင်ရမယ်
သူငယ်ချင်းတို့ .......

Read More...

ဘလော့ဂါများသို့ 

ဒီနှစ်ဆယ့်တစ် ရာစုမှာ
ဘလော့ဂါတွေ အထွက်တိုး
ပြိုးပြိုးပြိုက်ပြိုက်နဲ့ 
အဖိုးထိုက်စရာပါ


တဦးနဲ့ တဦး လက်ခြင်းချိတ်
Update လုပ်နေကြ
အရေးအသားပညာပါ
တကယ်ကိုအလေးထားစရာဗျာ

အသဲနှလုံးကို ၀က်ဘ်ခြံထဲမှာမြုပ်နှံ
ရှာဖွေရသမျှ နည်းပညာတွေ
ဘလော့ပေါ် ဖြန့် ခင်း ဝေမျှ
လိုသူတွေလှမ်းလို့ ယူစေတော့ရယ်လို့ 
လှည့်ကူအကျိုးမဖက်လေတော့
Thanks you so much ပေါ့

ဘာပဲဖြစ်ဖြစ် အကို အမတို့ ရေ
အတည်ပေါက်နဲ့ ပြောရရင်
စီဘောက်တော့ဖြည့်ခဲ့ပါဦး

Read More...