ထိုင်းနိုင်ငံမှာ ဆက်သွယ်ရေးအတွက် လက်ကိုင် Hand ဖုန်း အသုံးပြုရာမှာ သူ့အထဲမှာ Sim Card ဆိုတာ ထည့်ရပါတယ်။ Sim Card က သုံးမျိုးလောက်ရှိတယ် Orange, One 2 Call နှင့် DTAC ကဒ်များ ဖြစ်ကြတယ်။ ဒီအထဲမှာ DTAC Sim Card က လူသုံး အများဆုံးဖြစ်မယ် ထင်ပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသ တလျှောက် နှင့် မြန်မာပြည်သား အတော်များများကတော့ DTAC Sim Card ကိုသာ အသုံးပြုများတာ တွေ့ရတယ်။ ကျနော် ကိုယ်တိုင်လည်း DTAC Sim Card ကိုပဲ သုံးတယ်။ သုံးလို့လဲ ကောင်းတယ်။ ဈေးနှုန်းကလဲ ၂၀ ဘတ်၊ ၄၉ဘတ်(၁၅ ရက်သက်တမ်းရှိတယ်။)၊ ၁၉၉ ဘတ်၊ စသဖြင့် ရှိပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၁၈၀၀ လောက်ရှိရင် DTAC Sim Card တခုရပြီ။ Sim Card ဆိုတာ မြန်မာပြည်မှာဆိုတော့ လိုင်းပေါ့ ကိုယ့်မှာဖုန်းရှိရင်တောင် လိုင်းအတွက် သိန်း ၂၀ ကျော်ပေးရတယ်။ ထိုင်းမှာက ဘတ်ငွေ ၄၀၀ ကျော် ၅၀၀ ရှိရင် Sim Card အပါအ၀င် အတော်အသင့် ဖုန်းတလုံး ကိုင်လို့ရပြီ မဲဆောက်မှာဆိုရင် လက်တွန်းဈေးသည်လည်း ကိုင်နိုင်ကြတယ်။ ဟင်းသီးဟင်းရွက်သည်လည်း ကိုင်နိုင်ကြတယ်။ စက်ရုံအလုပ်ရုံက အလုပ် သမားတွေလည်း ကိုင်နိုင်ကြတယ်။ တကမ္ဘာလုံးနဲ့လည်း ဆက်သွယ်လို့ရပြီ အမေရိကန်ကို ဆက်မှ တမိနစ် ၅ ဘတ်ပဲကျမယ် local call ဆိုရင် ပထမ တမိနစ်ပဲ ၂ ဘတ်ကျတယ် နောက်ပိုင်းမိနစ်တွေမှ ပြား၅၀ ပဲ စားတော့တယ်။ နေ့ဖရီး call ည ဖရီး call လည်းရှိသေးတယ်။ ဘတ် ၁၀၀ ကျော်ရုံလေးပဲ တလလုံး အမုန်းဆက်လို့ရတယ် နားရွက်ပူအောင် ဆက်လို့ရတယ်။ ကျနော်တို့ စက်ရုံက မိန်းခလေးတွေဆိုရင် ညဖရီး call ကို လုပ်ထားကြတယ်။ အလုပ်က ည ၁၀ နာရီကျော်မှပြီးတာကိုး။
DTAC Sim Card အကြောင်း ကျနော်သိသလောက် တင်ပြပါမည်။
ဖုန်းထဲသို့ ပိုက်ဆံသွင်းလိုလျှင် *100* ပိုက်ဆံကဒ်မှာဖေါ်ပြထားသော နံပါတ် ၉ လုံးနှင့် ခဲသားဖြင့် အုပ်ထားသော နံပါတ် ၆ လုံးကို ရိုက်ထည့်၍ # ကိုနှိပ်ပါ ပြီးရင် call လိုက်ပါ။
*102*9# ကိုဖုန်းတွင် နှိပ်ထည့်၍ call လိုက်ရင် မိမိဖုန်း၏ Simcard ဖုန်းနံပါတ် ကို ဖော်ပြပေးသည်။
*101*9# ကိုဖုန်းတွင် နှိပ်ထည့်၍ call လိုက်ရင် မိမိဖုန်းတွင် ဖုန်းခေါ်ဆိုခ မည်မျှ ကျန်သည်ကို ဖော်ပြပေးသည်။
*103*9# ကိုဖုန်းတွင် နှိပ်ထည့်၍ call လိုက်ရင် မိမိဖုန်း၏ Promotion call ကို ဖော်ပြပေးသည်။
*108*9# ကိုဖုန်းတွင် နှိပ်ထည့်၍ call လိုက်ရင် ယခင်လနှင့် ယခုလတွင် ဖုန်းခေါ်ဆိုခဲ့သော ကုန်ကျငွေ စာရင်းကို ဖော်ပြပေးသည်။
*104*9# ကိုဖုန်းတွင် နှိပ်ထည့်၍ call လိုက်ရင် GPRS ဖွင့်ရန် ဖော်ပြပေးသည်။
*110*9# ကိုဖုန်းတွင် နှိပ်ထည့်၍ call လိုက်ရင် ချီးငွေ ၃၀ဘတ်ကို ထုတ်ပေးပြီး ချီးငွေအတိုး ၂ ဘတ် ပေးဆောင်ရမည် ကို ဖော်ပြပေးသည်။
*112*0823937371*100*9# ကိုဖုန်းတွင် နှိပ်ထည့်၍ call လိုက်ရင် မိမိဖုန်းထဲမှ ငွေကို တစ်ခြားတစ်ဦးကို လွဲလိုပါက လွဲလို့ရနိုင်ပါသည်။
(*112* ၏ အနောက်တွင် လွှဲလိုသောသူ၏ ဖုန်းနံပါတ်ကို နှိပ်ရပြီး နံပါတ်၁၀ လုံးနှင့် * ၏နောက်တွင် 100 ဆိုသောနေရာတွင် 20 မှ 200 အထိ ကိုလွှဲလိုသော amount ကို ရိုက်ထည့်ရပါသည်။ ငွေလွှဲခကိုတော့ 2 ဘတ်သာ ယူပါသည်။ )
*113*30*9# ကိုဖုန်းတွင် နှိပ်ထည့်၍ call လိုက်ရင် မိမိဖုန်း၏ သက်တမ်းသည် ရက်ပေါင်း 30 တိုးလာပါမည်။
(*113*၏ နောက်တွင် 30, 60, 90, 120, တိုးလိုသော သက်တမ်းကို ရိုက်ထည့်ပါက မိမိဖုန်းတွင် လိုချင်သော သက်တမ်းရပါမည်။ ရက်ပေါင်း 30 ဆယ် ကို ၀န်ဆောင်ခ 2ဘတ် ပေးဆောင်ရပါမည်။)
*7001 ကိုခေါ်လိုက်လျှင် မြန်မာသီချင်းများ အခမဲ့ ဒေါင်းလုပ်လုပ်၍ ရသည်။ ဇော်ပိုင်၊ ဘိုဖြူ၊ အငဲ စသဖြင့် (မြန်မာဘာသာဖြင့်သာပြောပါသည်။)
*114*0823937371*9# ကိုဖုန်းတွင် နှိပ်ထည့်၍ call လိုက်ရင် တစ်ဖက်ဖုန်းထံသို့ ဖုန်းပြန်ဆက်လာပါရန် အခမဲ့ message ပို့ပေးသည်။
(*114* ၏ နောက်မှ ဖုန်းနံပါတ်ဆယ်လုံးတွင် ဖုန်းပြန်ဆက်လာစေလိုသော ဖုန်းနံပါတ်ကို နှိပ်ရပါမည်။)
မှတ်ချက်များ။ ။ *9 သည် အင်္ဂလိပ်ဘာသာဖြင့် ဖေါ်ပြရန် ထည့်ရသောကုဒ် ဖြစ်သည်။ *9 မပါပဲ # ဖြင့် အဆုံးသတ်ပါက ထိုင်းဘာသာဖြင့်သာ ဖေါ်ပြပေးသည်။
သက်တမ်းဝယ်ခြင်း၊ အရေးပေါ် ပိုက်ဆံချေးခြင်းများ၊ ငွေလွှဲခြင်းများသည် SIM Card ၀ယ်ပြီး ရက်ပေါင်း ၉၀ (၃ လ) ပြည့်မှသာ အသုံးဝင်သည်။
DTAC Sim Card အကြောင်း
bx - errors ကို ဖြေရှင်းနည်း
အခုတလော တမ်းပလိပ် အသစ်ပြောင်းရင် bx -........ error ပြနေလို့ လိုက်ရှာကြည့်တော့ နည်းလမ်းတခုကို သွားတွေ့တယ်။ error တွေက အမျိုးမျိုးရှိတော့ နည်းလမ်းတွေလည်း အမျိုးမျိုးရှိပါတယ်။
ပထမဦးဆုံး ဘလော့ကို sign-in လုပ်ပြီး layout/Edit HTML ကိုသွား ပြီးရင် ကိုအသုံးပြုမယ့် တမ်းပလိပ်ကို Browse လုပ်ပြီး Upload လုပ်ပါ။
ဒီလိုပေါ်လာမယ်။
CONFIRM & SAVE ကိုနှိပ်ပါ အဆင်ပြေရင်တော့ ပြီးပြီပေါ့။
ဒီလိုမျိုး error တွေပြနေတယ်ဆိုရင် (error ကုဒ်နံပါတ်အမျိုးအစားများမတူညီကြပါ)
back ပြန်သွား ပြီးရင် Ctrl+F ကိုနှိပ် ပေါ်လာတဲ့ box ထဲမှာ ဒီကုဒ် <b:widget id='Blog1'>,
<b:widget id=BlogArchive1'> and <b:widget id='Profile1'> သုံးခုကို တခုချင်းစီရှာကြည့်ပါ တွေ့ရင် Blog1, BlogArchive1, Profile1 ဆိုတဲ့ 1 နေရာတွေမှာ 2 ကိုပြောင်းပေးလိုက်ပါ။ ပြီးရင် SAVE TEMPLATE ကိုနှိပ် CONFIRM & SAVE ကို ထပ်နှိပ် ဒါဆိုရင်အဆင်ပြေပြီလို့ထင်ပါတယ်။
ဒီ error နဲ့ ပတ်သတ်ပြီး ရေးထားတဲ့ ဘလော့တခုလည်းရှိသေးတယ် သူက တော်တော်စုံတယ် ဒီမှာသွားကြည့်
အီးမေးလ်မှတစ်ဆင့် ဘလော့ခ်ရေးသားခြင်း
blogger တွေ ဘလော့ခ်တင်မယ်ဆိုရင် ကျော်ခွနေရတာကို စိတ်မရှည်ဖြစ်နေရင် ဒီနည်းလေးကို စမ်းကြည့်ပါ။ ပထမဆုံးတစ်ခါတော့ blogger.com ကို ၀င်လိုက်ပါ။ ပြီးရင် ကိုယ့် username နဲ့ password နဲ့ဝင်။ ပြီးရင် Setting ကိုနှိပ်ပါ။ option bar မှာ Email ကိုနှိပ်ပါ။ အဲဒီမှာ Mail-to-blogger Address ဆိုတဲ့ textbox လေးရှိပါတယ်။ အဲဒီမှာ ကိုယ့်ရဲ့ username ရယ်၊ နောက်မှာ textbox လေးရယ်၊ @blogger.com ရယ်ဆိုပြီး ရေးထားပါလိမ့်မယ်။ အဲဒီ textbox မှာ ကြိုက်တဲ့ name လေးရိုက်ထည့်ပါ။ အဲဒီ email လိပ်စာကို မှတ်ထားပါ။ ပြီးရင် Save Setting ကိုနှိပ်ပါ။ Gmail ကိုဖွင့်ပါ။ To address မှာ စောစောက email လိပ်စာကို ရိုက်ပါ။ Subject နေရာမှာ ကိုယ့် post ခေါင်းစဉ် ရိုက်ပါ။ Body မှာတော့ post စာသားတွေထည့်ပါ။ ပြီးရင် Send လိုက်။ ပုံတွေထည့်ချင်ရင်တော့ Attachment လုပ်ပါ။ ကိုယ့် Blog မှာ ချက်ချင်းပေါ်ပါလိမ့်မယ်။
တမ်းပလိပ်များ
လှပသောတမ်းပလိပ်များကို စုစည်း၍တင်ထားပေးပါသည်။
လိုချင်ပါက အောက်ကလင့်များတွင် ဒေါင်းလုပ်လုပ်ယူပါ။
၇ ကော်လံ(1)
ဒီမှာယူ
၇ ကော်လံ(2)
ဒီမှာယူ
၇ ကော်လံ(3)
ဒီမှာယူ
၇ ကော်လံ(4)
ဒီမှာယူ
၇ ကော်လံ(5)
ဒီမှာယူ
၈ ကော်လံ
ဒီမှာယူ
မဂ္ဂဇင်းစတိုင်လ်(1)
ဒီမှာယူ
မဂ္ဂဇင်းစတိုင်လ်(2)
ဒီမှာယူ
ready made လိုချင်ပါက e-mail ဖြင့်မှာကြားနိုင်ပါတယ်။
Firefox ရဲ့ လုပ်ဆောင်ချက်များ
မိုက်ကရိုဆော့ဖ်ရဲ့ Tnternet Explorer ဟာ လူသုံးအများဆုံး Web browser တခု ဖြစ်နေသေးပေမယ့် အသုံးပြုသူတော်တော်များများဟာ လိုသလို ထိမ်းချုပ် လုပ်ဆောင်နိုင်တဲ့ Mozilla ရဲ့ Firefox ပိုမို သဘောကျလာတာကို တွေ့ရပါတယ်။ Firefox ဟာ အင်တာနက်အတွက် စိတ်ကြိုက် အပြောင်းအလဲတွေ လုပ်နိုင်ပြီး အချိန်တိုတိုအတွင်း အများကြီးလုပ်နိုင်မှာ ဖြစ်ပါတယ်။ အောက်မှာဖေါ်ပြတဲ့ အချက်တွေကတော့ Firefox2.0 ထဲမှာ စိတ်ကြိုက် ပြောင်းလဲမှုတွေလုပ်နိုင်မယ့် လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။
Tab တွေ အသုံးပြုခြင်း
Firefox ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေထဲက တခုကတော့ tab တွေကိုသုံးပြီး စာမျက်နှာ အများအပြားကို အလွယ်တကူ ပြောင်းလဲ ကြည့်ရှုနိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။
Tab အသစ်တခုကို ဖွင့်ချင်တဲ့အခါ menu ကနေ သွားစရာမလိုပဲ Ctrl+Tကီးအတွဲကို နှိပ်ရုံဖြင့် စာမျက်နှာ အလွတ်နဲ့ tab တခု ပွင့်လာပြီး corsor ကလည်း address bar အတွင်း ရောက်ရှိနေမှာဖြစ်ပါတယ်။ Web Link တခုကို Tab အသစ်တခုနဲ့ ဖွင့်ချင်တယ်ဆိုလို့ရှိရင် အဲဒီ Link အပေါ် Right-click လုပ်ပြီး Open link in New tab ကို ရွေးချယ်နိုင်တဲ့အပြင် Link ပေါ်မှာ Pointer ရွှေ့ကာ Click လုပ်ပြီးလည်း ဖွင့်နိုင်ပါတယ်။ (မြန်မာဘလော့ဂါများရဲ့ Blog Webside တွေမှာဆိုရင် အခြားမြန်မာဘလော့ဂါများရဲ့ Link အချို့တွေကို ထည့်ပေးထားတယ်။ ဒါပေမယ့် တချို့ကRight-click လုပ်ပြီး Open link in New tab ကို ရွေးချယ် လိုက်မှ Tab အသစ်တခုနဲ့ ပွင့်ပြီး တချို့ကတော့ Target ထည့်ထားတဲ့ အတွက် Pointer ကို Link ပေါ်မှာတချက်တည်း click ပေးလိုက်ရုံနဲ့ new tab နဲ့ပွင့်လာတာပါ။ ကျနော့် ဘလော့မှာရှိတဲ့ မြန်မာဘလော့ဂါများရဲ့ Link တွေအားလုံး Target ထည့်ထားပါတယ် click ပေးလိုက်ရုံပဲ။) တချို့ Link တွေဟာ Click လုပ်လိုက်တာနဲ့ Windows အသစ်နဲ့ စာမျက်နှာ ပွင့်လာပြီး tab အနေနဲ့ပဲ ဖွင့်ချင်တယ် ဆိုရင်တော့ menu ထဲက Tools/Options../Tabs ဆီကိုသွားပြီး a new tab ကိုရွေးချယ်။ ပြီးရင် Ok ကိုနှိပ်ရပါမယ်။
Ctro+tab ကီးအတွဲကို နှိပ်တဲ့ အခါ tab နဲ့ဖွင့်ထားတဲ့ စာမျက်နှာတွေ အစဉ်လိုက်အတိုင်း ပြောင်းလဲကြည့်ရှုနိုင်မှာ ဖြစ်ပြီး Ctro+Shift+tab ကို အတွဲလိုက်နှိပ်တဲ့ အခါ tab စာမျက်နှာတွေကို ဘယ်ဘက်ကနေ ညာဘက်ဆီ ရွှေ့ပေးသွားမှာ ဖြစ်ပါတယ်။
Ctro+ 1,2,3,4 စသဖြင့် tab များကို နံပါတ်အလိုက် ခေါ်ယူလို့ရပါတယ်။
အသုံးပြုတဲ့ အခါ လျှင်မြန်စေမယ့် Key board Shortcut များ။
အင်တာနက်ကြည့်ရှုတဲ့အခါ Mouse အစား Key board ကိုသုံးတဲ့အတွက် ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ address bar ထဲ URL ရိုက်ထည့်ဖို့၊ ဒါမှမဟုတ် တခုခုရှာဖွေဖို့အတွက် Ctro+L ဒါမှမဟုတ် Alt+D ကိုသုံးနိုင်ပါတယ်။ Address bar ထဲမှာ domain name ရိုက်ထည့်ပြီး Ctro+Enter ကီး အတွဲကို နှိပ်လိုက်ရုံဖြင့် .com ။ Shift+Enter ဆိုရင် .net ။ Ctro+Shift+Enter ကိုဆိုရင် .org ။ ကိုအလိုအလျှောက် ထည့်ပေးသွားမှာဖြစ်ပါတယ်။
