Smorost 1

ကျနော့ညီအကို မောင်နှမများအတွက် အပြင်းပြေ အွန်လိုင်းဂိမ်းလေး တခုကို လမ်းညွန်လိုက်ပါတယ်။ ဒီဂိမ်းက ကစားရတာ လွယ်မယ်ထင်သယောင်နဲ့ ခက်ပါတယ်။ ဦးနှောက်လည်း စားပါတယ်။ ဦးနှောက်စားမှလည်း အပျင်းပြေမှာကိုး...

ပထမပိုင်းဂိမ်း ဇတ်လမ်းအကျဉ်း
ဝတ်စုံဖြူလေးဝတ်ထားတဲ့ လူတယောက်က အာကာသထဲက သစ်မြစ်လိုလို ဂြိုဟ်ကြီးတခုထဲမှာ နေပါတယ်။ အဲဒီအချိန်မှာ အာကာသထဲ အခြားဂြိုဟ်တခု က သူ့ဂြိုဟ်တည့်တည့်ဆီ ဦးတည် လာနေပါတယ်။ ဒီတော့ အဲဒီဂြိုဟ်ကို လမ်းကြောင်းသွားပြောင်းပေးရမှာပါ။

ဒုတိယပိုင်းဂိမ်း ဇတ်လမ်းအကျဉ်း
အဲဒီလူဟာ ဂြိုဟ်ထဲက သူ့ ရဲတိုက်မှာ နေတုံး သူ့ခွေးကို အခြား ဂြိုဟ်တခုကနေ လာဖမ်းသွားတာကို စွန့်စွန့်စားစား သွားကယ်ရမှာပါ။


ကဲ စတင်ကစားကြည့်ရအောင် ဂိမ်းကို ဒီမှာနှိပ်ပါ။ ခဏနေရင်
အဆင့် (၁) အနေနဲ့ အောက်ကပုံစံ ပေါ်လာပါမယ်။ အဲဒီမှာ မျှားညွှန်တဲ့နေရာကိုနှိပ်ကြည့်ပါ။


ဇတ်လိုက်ကျော်ထွက်လာပါမယ် ပြီးတော့မှန်ပြောင်းနဲ့ အာကာသထဲကြည့်မယ် အဲဒီမှာ



အခြားဂြိုဟ်တခုက သူ့ဂြိုဟ်ရှိရာ ဦးတည်လာနေတာကို တွေ့ပါမယ်။


အဲဒါကို လမ်းကြောင်းသွားပြောင်းပေးရမှာ ဖြစ်ပါတယ် အဲဒီဂြိုဟ်ဆီ သူ့ဘာသာသူ သွားပါလိမ့်မယ်။


ရောက်သွားပါပြီ အခုတော့ကိုယ့်ဘာသာကိုယ် လုပ်ရတော့မယ် ကျနော်ကတော့ သဘောလောက်ပဲ ပြောပြပါမယ်။

အဆင့် (၂)
ဒီနေရာက သူချိုင့်ထဲကျသွားတဲ့အခန်းပါ အပေါ်ကို ရောက်ဖို့ ချိန်သီးတွေကနေ ခိုပြီးတက်လာရမယ်။ ဒါပေမယ့် ချိန်သီးကို လည်အောင်လုပ်ရမယ် ချိန်းကြိုးကလည်း ကျနေသေးတယ်။ အရှေ့မှာ စက်ခလုပ်ပုံးရှိတယ်။ သော့ကို ဘိန်းသမားက ဆေးရှုဖို့ ကိုင်ထားတယ်။ အခြားလူတွေလည်း အလုပ်လုပ်နေကြတယ်။ အလယ်က တောင်မှာ လမ်းညွှန်ဆိုင်းဘုတ်ရှိတယ်။ အဲဒါတွေအားလုံး တခုနဲ့တခုဆက်စပ်နေတယ်။ ချိန်သီးကနေ ရေခဲပြင်စီး စကိတ်နဲ့တက်လာပြီးတော့ တောင်ကုန်းအတိုင်း ဘယ်ဖက်က မျှားပြထားတဲ့ အခြားဆက်ရှင်ကို သွားရမှာပါ။

အဆင့် (၃)
ဒီနေရာကို ရောက်လာပါမယ်။ ဒီကနေဆက်သွားရဦးမှာပါ ဒါပေမယ့် ဘာယာဉ်မှ မရှိပါဘူး ငှက်ကြီးကောင်က ငါးရိုးကို ချီသွားတဲ့အခါ သူ့ဘာသာသူ ခိုလိုက်သွားမှာပါ။ ဒါပေမယ့် ငါးရိုးကဘယ်မှာရမလဲ အောက်မှာ ရေကန်လည်းရှိတယ်။ ငါးစာလည်းချထားတယ်။
ဒီပိုးကောင်တွေကလည်း သတ်မှရမယ်နော် နို့မို့ဆို ငါးရိုးမရနိုင်ဘူး





အဆင့် (၄)

ဒီနေရာမှာ သူကခုန်ချလိုက်ပါတယ်။ ဒီနေရာမှာလည်း ချိန်သီးရှိပါတယ်။ လျှက်စစ်လိုတယ် အပေါ်ဆုံးက ဂူထဲမှာ ပိုးကောင်တွေရှိလို့ မီးပြင်သမားက မထွက်ရဲဘူး ပိုးကောင်တွေက သူ့ဂူပေါက်ကို နှိပ်ရင် ထွက်တော့ထွက်တယ် အခြားသွားစရာနေရာမရှိရင် ဂူထဲပြန်ဝင်တယ် သွားစရာနေရာ ရှိအောင် လုပ်ရမယ်။ ပိုးကောင်တွေက ပန်းတွေ့ရင် ဝတ်ရည်စုပ်တယ်။







အဆင့် (၄)

ချိန်သီးက သစ်ကိုင်းစွန်းမှာ လာညိနေပါတယ်။ သူကိုတိုင်ဖြုတ်လို့မရဘူး သူ့သစ်ကိုင်းကို လှုပ်ခါနိုင်မှ ရမယ်။ သစ်ကိုင်းပေါ်မှာ ဇီးကွက်တကောင် အိပ်ပျော်နေတယ်။


သစ်ခေါင်းထဲမှာ DJ တယောက်ရှိတယ် သူက အခြားပိုးကောင်တွေကြောင့် နားညီးပြီး နားပိတ်ထားတယ်။ အကယ်၍ သူသာ မြူးမြူးကြွကြွသီချင်းတွေသာဖွင့်ရင် ကိုဇီးကွက်က နိုးလာမယ်။ ဒါဆို သစ်ကိုင်းကို လှုပ်ခါလို့ရပြီ။





အဆင့် (၅)


ဒီဂြိုဟ်ကို ထိမ်းချုပ်မောင်းနှင်တဲ့ စက်ခန်းးနားကို ကျလာပါတယ် ချိန်သီးအိမ်က ခလုပ်လေးကို နှိပ်လိုက်ရင် ဇတ်လိုက်ဆင်းလာပါမယ်။ ဒါပေမယ် ဒီထိမ်းချုပ်စက်ခမ်းကို သွားလို့မရပါဘူး သစ်ကိုင်းပေါ်မှာရှိတဲ့ အကောင်ကြီးက သူ့ကို စုပ်ယူပြီး လွှင့်ပစ်လိုက်မယ်။ သူ့အစား အခြားပိုးကောင်တွေကို ငန်းနေတဲ့အချိန်နဲ့ ကိုက်ပြီး သွားရပါမယ်။


စက်ခန်းကိုလည်း လှို့ဝှက်ကုဒ်နံပါတ်နဲ့ ပိတ်ထားတာပါ သိပ်မများပါဘူး။ နှိပ်ပြီးဝင်လိုက်ပါ။ ဒါဆိုရင် စခရင် တခုလုံး မှောင်သွားပါမယ်။ အနီစက်ကလေးကို နှိပ်လိုက်ပါ မီးလင်းလာမယ်။





အခန်း(၅)
နောက်ဆုံးအခန်းကို ရောက်ပါပြီ။ ဒီဂြိုဟ်ရဲ့ စက်ခန်းက ရပ်နေတယ်။ အပေါ်မှာ စက်ကိုပြန်လည်နိုင်စေမယ့် မောင်းတံတခုရှိတယ်။ အဲဒါကို သွားမတင်ရမှာပါ အဲဒါမှ စက်တွေ အလုပ်လုပ်ပြီး ဒီဂြိုဟ်က လမ်းကြောင်းပြောင်းသွားမှာပါ။ ဒီအခန်းကိုလည်း ကိုယ့်ဘာသာကို ကြိုးစားကြည့်လိုက်ပါဦး။
နောက်ဆုံးတော့ ဂြိုဟ်နှစ်စင်း တိုက်မဲ့အရေး အေးသွားရပြီပေါ့။




ဒုတိယပိုင်းဂိမ်းကို ဆက်လက်ဖေါ်ပြပါမယ်။ လုပ်လို့ရရင်လည်း ကိုယ့်ဘာသာကြိုးစားကြည့်ပေါ့ ပျော်စရာကောင်းပါတယ်။

Read More...

စောလူးမင်း

စောလူးမင်း

စောလူးမင်းဆိုလို့ သမိုင်းထဲကလို့မထင်နဲ့ဦး အုတ်ကျင်းနားက... အဲလေ...

လက်ရှိ မြန်မာပြည်က စောလူးမင်းပါ။

မနေ့ည ၉ နာရီခွဲလောက်မှာ မြန်မာပြည်သား စောလူးမင်းနဲ့ ထိုင်းလက်ဝှေ့သမား တယောက်တို့ ထိုးသတ်ကြတာ မထင်မှတ်တဲ့ အချိန်မှာ ပြီး သွားတယ် ။

ပွဲစလို့ အချက်ပေးခေါင်းလောင်း ထိုးလိုက်တာနဲ့ စောလူးမင်းက ထိုင်းလက်ဝှေ့သမားကို အလွန့် အကျွန် ၁၀ စက္ကန့်လောက်ပဲ ကြာပါတယ်။

မြန်မာပြည်သားတွေ အားပေးလိုက်ကြတာ မြူးလို့ပျော်လို့

ကိုယ့်မြန်မာပြည်သားက နိုင်တာကိုး

Read More...

မစားချင်ဘူးလား

စိတ္တဇဆေးရုံတွင် ဆေးရုံအုပ်ကြီးက လူနာများအား ပြောကြားသည်မှာ...
" မနက်ဖြန် နိုင်ငံတော် အကြီးအကဲ ဆေးရုံမှာ လာဟောပြောမယ်
သူဟောပြောပြီးလို့ ငါချောင်းဟန့်တာနဲ့ အားလုံး လုပ်ခုပ်တီးကြပါ။ ဒါဆို မင်းတို့ကို ကြက်သားဟင်းနဲ့
ထမင်းကျွေးမယ်။ "
ဟောပြောသောနေ့သို့ ရောက်သော် အဆင်ပြေစွာ ဟောပြော ပြီးဆုံးသောကြောင့် ဗိုလ်ချုပ်မှူးကြီးက လွန်စွာ ကျေနပ်လေ၏။ ထိုအခါ ဆေးရုံအုပ်ကြီးက ချောင်းဟန့်လိုက်၏ ထင်ထားသည့် အတိုင်း အားလုံးက ၀မ်းမြောက်စွာ လက်ခုပ် တီးကြလေသည်။
သို့သော်မထင်မှတ်သော အဖြစ်တစ်ခုလည်း ဖြစ်သွားသည်။ ထိုသည်ကား
လူနာတစ်ယောက်သည် ရုတ်တရက် ဗိုလ်ချုပ်မှူးကြီး အား ပါးချလိုက်ခြင်း ဖြစ်သည်။ အားလုံး မင်တတ်နေစဉ်
သူပြောလိုက်သော စကားသည်ကား
" အရူး..မင်းကလက်ခုပ်တီးရမယ်ဆိုတာ မသိဘူးလား ကြက်သားဟင်း မစားချင်ဘူးလား။ "

Read More...

မိန်းမများနှင့်တူသော အားကစား

၁၅ နှစ် ၂၀ အကြား ဘောလုံး ၂၂ ယောက် ၀ိုင်းလုသည်။
၂၀ နှစ် ၂၅ အကြား ဘတ်စကတ်ဘော ၁၂ ယောက်ဝိုင်းလုသည်။
၂၅ နှစ် ၃၀ အကြား စားပွဲတင် တင်းနစ် ၂ ယောက်သာကျန်သည် ဟိုဖက်ပုတ်ထုတ် ဒီဖက်ပုတ်ထုတ်။
၃၀ ထက် အလွန် ဂေါက်သီး ဝေးသထက်ဝေးအောင် ရိုက်ထုတ်ကြသည်။

Read More...