နအဖ ယုတ်မာခြင်း

မေလ, 05, 09

ဒေါ်စု ခြံဆိုတာက ရှင်းရှင်းပြောရရင် ထောင်ပဲဗျ။ ခြံဘေးမှာ အစောင့်တွေရှိတယ်၊ ကန်ဘက်မှာ အစောင့်တွေရှိတယ်၊ အင်းလျားကန်မှာ ချထားတယ်၊ ရဲတွေ ချထားတယ်။ တက္ကသိုလ် ရိပ်သာလမ်းပေါ်မှာ အစောင့်တွေ ချထားတယ်၊ ကင်းတွေ ချထားတယ်။ အိမ်ထဲမှာလည်း ရဲ စခန်းရှိတယ်။ အိမ်ကိုလည်း သော့ခတ်ထားတယ်။ အဲဒီတော့ ဒီလောက်လုပ်ထားတဲ့ ကြားထဲကနေပြီးတော့ ဝင်တယ်ဆိုရင် ဒါဟာ အစိုးရရဲ့ ညံ့ဖျင်းမှုပဲ။ လုံခြုံရေး ပျက်ကွက်မှုပဲ။ အကျဉ်းသားကို စောင့်ရှောက်တဲ့အခါ လုံခြုံရေး ပျက်ကွက်တာက အစိုးရရဲ့ တာဝန်ပျက်ကွက်မှုပဲ။

အမေရိကန်တယောက် ဝင်လာသည်ဖြစ်စေ၊ ဒီပဲယင်းက လူတယောက် ဝင်လာသည်ဖြစ်စေ ဘယ်လို သွားတားမလဲ။ အကျဉ်းသားရဲ့ လုံခြုံရေးဟာ အလွန် အင်မတန်ကို စိုးရိမ်စရာ အန္တရာယ် ရောက်သွားတယ်လို့ ကျနော်တို့ ပြောလို့ ရတယ်။ (ဦးဝင်းတင်၏ ပြောကြားချက်)

ရှင်းပါတယ်။ တကယ့်ကို ရှင်းရှင်းလေးပါ။ ဒီလိုအကွက်မျိုးက နလိန်ပိန်းတုံးတောင်သိတယ် မိန်းမကျင့် မိန်းမကြံ ဆိုတာ ဒါမျိုးပေါ့။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်စုကို ဒီ နအဖတွေ မလွှတ်ပေးချင် သလို သူတို့ရဲ့ အာဏာ တည်မြဲရေးမှာလည်း ဒေါ်စုကို ဆူးညှောင့်ခလုတ် လိုမြင်တယ်။ တတ်နိုင်ရင် မသေမချင်း တသက်လုံး အကြောင်း အမျိုးမျိုးပြပြီး ဖမ်းထားချင်တယ်။ သူတို့ ဒေါ်စုကို အကြောက်ကြီး ကြောက်တယ်။ ဒီပဲယင်း ကတည်းကလည်း အပြတ်ရှင်းတာပဲ နတ်ကောင်း နတ်မြတ်များက စောင့်ရှောင့်လို့သာပဲ။

ဘယ်လိုပဲယုတ်ယုတ်လေ ဒီစစ်အာဏာရှင် စနစ်ကြီးက ဘယ်တော့မှ မတည်မြဲပါဘူး။ မြန်မာပြည်ကနေ လွှင့် သွားမှာပါ။

Read More...

တပ်ချုပ်ကြီးရဲ့ ဝေဒနာ

မြန်မာပြည်မှာ တစ်တိုင်းပြည်လုံးက တော်လှန်လို့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားချိန် ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးလည်း (နောက်ကျတဲ့ခြေထောက် သစ္စာဖေါက်ဆိုပြီး) ကိုယ်လွတ်ရုံး ပြေးကြတာပေါ့။

သူတို့နှစ်ယောက်ဟာ တောထဲမှာ မျက်စိလည် လမ်းမှားပြီး လမ်းပျောက်နေပါတယ်။ ဒါကို သစ်ခုတ်သမား တစ်ယောက်က ကယ်ပြီး အိမ်ကိုခေါ်လာတယ်။ ညရောက်တော့ စစ်သားဇာတိ ပြလာပါတော့တယ် သူတို့ နှစ်ယောက်က သစ်ခုတ်သမားရဲ့ သမီးကို စော်ကားကြတယ်။ ဒါနဲ့ သစ်ခုတ်သမားလည်း အလွန်စိတ်ဆိုးပြီး သတ်မယ် လုပ်ပါရော။ သူတို့ နှစ်ယောက်လည်း သစ်ခုတ်သမားကို မသတ်ဖို့ ဒူးထောက် တောင်းပန်တာပေါ့။ ဒါနဲ့ သစ်ခုတ်သမားလည်း အခွင့်အရေး ပေးတဲ့အနေနဲ့ သူတို့နှစ်ယောက်ကို ခြံထဲမှာရှိတဲ့ သစ်သီး ၁၀ လုံးစီ ခူးခဲ့ပါလို့ ပြောလိုက်တယ်။ မကြာခင်မှာ ဗိုလ်မောင်အေးက မက်မန်းသီး ၁၀လုံး ကို ယူပြီး ပြန်လာပါတယ်၊ သစ်ခုတ်သမားက အဲ့ဒီမက်မန်းသီးကို မင်းရဲ့ ဖင်ပေါက်ထဲကို ထည့်ရမယ်၊ တကယ်လို့ ၁၀လုံး စလုံး ထည့်ပြီးတာတောင် တစ်ချက်မျှ မရယ်ရင် အသက်ချမ်းသာခွင့် ပေးမယ်တဲ့၊ ဒါနဲ့ ဗိုလ်မောင်အေးလည်း ထည့်နေလိုက်တာ ၉ လုံးမြောက်လည်း ရောက်ရော အားပါးတရ ရယ်လိုက်လို့ အသတ် ခံလိုက်ရပါတယ်။ ယမမင်းဆီကို ရောက်တော့ ယမမင်းက "မင်းကွာ ၊နောက်နှစ်လုံးလောက် သည်းခံလိုက်ရင် မင်းသေစရာ မလိုတော့ဘူး၊ ဘာကြောင့် ရယ်ရတာလဲ" လို့ မေးတော့ ဗိုလ်မောင်အေးက အရယ်ကို မရပ်နိုင်သေးဘဲ "ယမမင်းကြီး ၊ကျနော်မျိုး မရယ်ဘဲနဲ့ ၁၀လုံး စလုံး ထည့်နိုင်ပါတယ်၊ ဒါပေမယ့် ၉လုံးမြောက်မှာ ကျနော်တို့ရဲ့ တပ်ချုပ်ကြီးက ဒူးရင်းသီး ၁၀ လုံးကို သယ်လာတာ တွေ့လိုက်ရလို့ ပါ။" တဲ့....

Read More...