မြင်းမစီးတတ်ပါ

may 27, 2010

ဗိုလ်သန်းရွှေရဲ့မြေး နေရွှေသွေးအောင်(ဖိုးလပြည့်)ကို ငယ်စဉ်က မျောက်လောင်းလို့ လူအများက ခေါ်ဝေါ်ကြတယ်။ နိုင်ငံတော် အခမ်းအနားလည်းပါ။ ဘုရား ထီးတင်လည်းပါလို့ မျောက်လောင်းလို့ လူတွေကပေးထားတာ။

အချစ်တော် မြေးလေးကို ဗိုလ်သန်းရွှေတို့ လင်မယားကတည်း ဘယ်နေရာ သွားသွား ခေါ်သွားလေ့လည်း ရှိတယ်။

တနေ့ ဗိုလ်သန်းရွှေတို့ စီးလာတဲ့ စစ်ယဉ်တန်းဟာ ကန်တော်ကြီးပတ်လမ်းကို ဖြတ်သတဲ့ ဗိုလ်သန်းရွှေရယ် ဒေါ်ကြိုင်ကြိုင်ရယ် အဲဒီမျောက်လောင်းနဲ့က မာစီဒီးရဲ့ နောက်ခန်းမှာ ထိုင်ရင်း ဘေးဘီကို လိုက်ကြည့် ကြတာပေါ့။

အဲဒီမှာ ကန်တော်ကြီး ပန်းခြံထဲက မြင်းစီးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို မျောက်လောင်းလေးက တွေ့သွားသတဲ့။ ဒါနဲ့ သူ့အဖိုးကို ……

“အဲဒါ ဘယ်သူလဲအဖိုး” ဆိုပြီး လက်ညိုးထိုး မေးလိုက်တယ်။

ဗိုလ်သန်းရွှေလည်း မျက်နှာမဲ့သွားတယ်။ အဖြေကိုတော့လုံးဝ မပေးလိုက်ဘူး။
မျောက်လောင်းလေးကလည်း လုံးဝ အလျှော့မပေးဘူး သူ့အဖွားဖက်ကို လှည့်ပြီး မေးတယ်။
သူ့အဖွားကလည်း စိတ်မရှေတော့……..
“အောင်ဆန်း…. အောင်ဆန်း…..”

မျောကလောင်းကလည်း သူ့အဖိုးဖက်ကို လှည့်မေးပြန်တယ်။

“အဖိုးပုံကော မရှိဘူးလား အဖိုး”
အဲဒီမှာ ဗိုလ်သန်းရွှေလည်း စိတ်ဆိုးပြီး သူ့မြေးကို အော်ပြောလိုက်တာ မျောက်လောင်းလေးလည်း ငြိမ်ကုတ်သွားသတဲ့။

သူ့အဖိုးဖြေလိုက်ပုံက………..

“ငါမှမြင်းမစီးတတ်တာကွ………လခွီးမှပဲ” တဲ့………………………….

-----------

Comments :

0 comments to “မြင်းမစီးတတ်ပါ”