မဲဆောက်ဆန်လှူပွဲ


ဆန်ဝေတဲ့ တရုတ်ဘုံကျောင်းရဲ့မုဂ်ဝ

မဲဆောက်မှာ ဆန်လှူပွဲဆိုတာမြင်ဘူးလား နှစ်စဉ်နှစ်တိုင်း မဲဆောက်တရုတ်ဘုံကျောင်းမှာ ဆန်လှူပွဲရှိတယ် အဲဒီဆန်လှူ ပွဲမှာ
ကျနော်တို့ရွှေမြန်မာတွေရဲ့ ဘ၀တွေ အခြေအနေတွေကိုတွေ့ရမှာပါ။ု
မဲဆောက်တမြို့လုံးမှာရှိတဲ့ မရှိဆင်းရဲသားမြန်မာပြည်သားတိုင်းရင်းသားပေါင်းစုံ အားလုံးဆန်ဝေတဲ့နှစ်တိုင်း ဒီနေရာမှာဆုံကြတယ်
မြ၀တီမြို့ပေါ်ကလည်းလာတယ်၊ တောရွာတွေထဲကလည်းလာတယ်။


ဆန်မလော(ဆိုဒ်ကား)နဲ့လည်းလာတယ် ဆက်ဘီးနဲ့လည်းလာကြတယ်
ခြေကျင်လျှောက်ပြီးလည်းလာတယ်



ဆရာလေးတို့လည်းလာတယ်


အဖွားကြီးတွေလည်းလာကြတယ်


ဒုက္ခိတတွေလည်းလာကြတယ်



သမီးလေးမျက်လုံးခွဲထားတယ်နေရိပ်ထဲကိုသွားလေ

သားသည်မိခင်တွေလည်းလာကြတယ်

မိမိတို့တိုင်းပြည်ဘယ်လောက်တိုးတက်နေပါတယ်လို့ မြန်မာပြည်စစ်အစိုးရ
ဘယ်လောက်တောင်ဖင်ခေါင်းကျယ်နေပေမဲ့ဒီဆန်လှူပွဲမှာ
မြန်မာပြည်သားတွေရဲ့ဘ၀တွေကိုကြည့်တတ်ရင်မျက်စိတဆုံးမြင်နိုင်ပါတယ်


ဒီလိုဆေးအစိမ်းရောင်သုတ်ထားတဲ့လက်နဲ့ လက်မှတ်လေးပါရင်သူတို့ဝေတဲ့ဆန်တထုပ်ရပြီပေါ့

မဲဆောက်မြို့တော်ဝန်လည်းလာရောက်ကြည့်ရူ့သွားပါတယ်

တရုတ်ရိုးရာပြဇတ်လည်းကြည့်ကြသေးတယ်

ဒီလိုအထုပ်တွေကို ၁၈ ဘီးကား၃စီးနဲ့ အပြည့်ပဲ

မနက်ကတည်းကလာစောင့်နေတာ ညနေသုံးနာရီခွဲအထိနေပူထဲမှာအပင်းပန်းခံစောင့်ရတယ်


ဆန်ဝေပါပြီ မတိုးကြပါနဲ့ခင်ဗျာပေါ့

သားသားတို့လည်းတထုပ်ရပြီ


ဖွားဖွားတို့လည်းတထုပ်ရပြီ


မေမေလည်းတထုပ်ပဲ

အမေ့လက်မှတ်ပျောက်သွားလို့တဲ့ ငိုနေရှာတယ်

ကိုကိုတို့လည်းတထုပ်

အိမ်ပြန်ကုန်ကြပြီ


တရုတ်ဘုံကျောင်းရဲ့နေရာတစိတ်တဒေသ


ဒီဆန်လှူပွဲမှာ မြန်မာပြည်သားချည်းပါပဲ ထိုင်းနိုင်ငံသားဆိုလို့ အယောက်တရာတောင်မပြည့်ပါဘူး
ကျနော်တို့မြန်မာပြည်သားတွေရဲ့ ကြီးမားတဲ့ဒုက္ခဆိုတာထက် တိုင်းပြည်ရဲ့ဂုဏ်သိက္ခာဆိုတဲ့ရှူ့ထောင့်ကနေကြည့်ကြစမ်းပါ
ဒီအခြေအနေတွေဟာ ယဉ်ကျေးမှူအရလည်းမဟုတ်ဘူး၊ သဘာဝအရဖြစ်လာတာလည်းမဟုတ်ဘူး
တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ လက်တွေ့ကျတဲ့အခြေအနေတွေကနေဖြစ်ပေါ်လာတာပါပဲ။

Comments :

2 comments to “မဲဆောက်ဆန်လှူပွဲ”
NayNay said...
on 

သာဓု..သာဓု..သာဓု..

A said...
on 

Dear Ko Paytalu

Thank you for your post and Please carry on.
All of your post are showing the real life of ordinary people.Most of the people really don't know more deeply.
The Military Junta always deny and cover up all the time.These are really genuine.

Thanks a lot.