bx - errors ကို ဖြေရှင်းနည်း

အခုတလော တမ်းပလိပ် အသစ်ပြောင်းရင် bx -........ error ပြနေလို့ လိုက်ရှာကြည့်တော့ နည်းလမ်းတခုကို သွားတွေ့တယ်။ error တွေက အမျိုးမျိုးရှိတော့ နည်းလမ်းတွေလည်း အမျိုးမျိုးရှိပါတယ်။

ပထမဦးဆုံး ဘလော့ကို sign-in လုပ်ပြီး layout/Edit HTML ကိုသွား ပြီးရင် ကိုအသုံးပြုမယ့် တမ်းပလိပ်ကို Browse လုပ်ပြီး Upload လုပ်ပါ။

ဒီလိုပေါ်လာမယ်။

CONFIRM & SAVE ကိုနှိပ်ပါ အဆင်ပြေရင်တော့ ပြီးပြီပေါ့။


ဒီလိုမျိုး error တွေပြနေတယ်ဆိုရင် (error ကုဒ်နံပါတ်အမျိုးအစားများမတူညီကြပါ)

back ပြန်သွား ပြီးရင် Ctrl+F ကိုနှိပ် ပေါ်လာတဲ့ box ထဲမှာ ဒီကုဒ် <b:widget id='Blog1'>,
<b:widget id=BlogArchive1'> and <b:widget id='Profile1'> သုံးခုကို တခုချင်းစီရှာကြည့်ပါ တွေ့ရင် Blog1, BlogArchive1, Profile1 ဆိုတဲ့ 1 နေရာတွေမှာ 2 ကိုပြောင်းပေးလိုက်ပါ။ ပြီးရင် SAVE TEMPLATE ကိုနှိပ် CONFIRM & SAVE ကို ထပ်နှိပ် ဒါဆိုရင်အဆင်ပြေပြီလို့ထင်ပါတယ်။

ဒီ error နဲ့ ပတ်သတ်ပြီး ရေးထားတဲ့ ဘလော့တခုလည်းရှိသေးတယ် သူက တော်တော်စုံတယ် ဒီမှာသွားကြည့်

Comments :

0 comments to “bx - errors ကို ဖြေရှင်းနည်း”