ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး

စားသောက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည် ဂျပန် ဆာမူရိုင်: ၃ ယောက် တစ်ဝိုင်းထဲ ထိုင်ပြီ: စားသောက်နေကြသည် ။
စားသောက်နေတုန်း ယင်ကောင် တစ်ကောင်က စားပွဲဝိုင်းပေါ် ဖြတ်ပျံသွားသည်။
ဆာမူရိုင်: တစ်ရောက်က သူ့ဓါး ကို ဖျတ်ခနဲ ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက်သည်။
ယင်ကောင် ၂ ပိုင်းပြတ်ပြီး ကျလာသည် ။ ဆိုင်ထဲက လူတွေအားလုံး အံ့အား သင့်ကုန်သည်။
(ဆာမူရိုင်း ဆိုတာမျိုးက ဓါးခုတ် အင်မတန်မြန် သကိုး ။ )

အဲ့ဒီအချိန်မှာပဲ ယင်ကောင် နောက်တစ်ကောင်က ပျံ လာပြန်သည် ။ ဒုတိယ ဆာမူရိုင်: ကလည်း အားကျမခံ ဓါးကို ဆွဲထုတ်ပြီး ယင်ကောင်ကို ခုတ်ချလိုက်သည်။ ယင်ကောင် ၄ ပိုင်းပြတ်ြပီး ကျလာသည် ။ လူတွေလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။

ခဏကြာတော့ ကံဆိုးသူ နောက်ထက် ယင် တစ်ကောင် ပျံသန်းလာပြန်သည်။ ပရိတ်သတ်တွေလည်း
တတိယ ဆာမူရိုင်း ဘာလုပ်ပြဦးမလဲ ဆိုတာ အင်မတန်စိတ် ဝင်စားနေကြပြီ။ တတိယ ဆာမူရိုင်း က သူ့ ဓါးကို ဖျတ်ဆို ဆွဲထုတ် ပြီး ဓါးအိမ်ထဲ ပြန်ထည့်လိုက်သည်။ ( မြန်လွန်းလို့ ခုတ်လိုက်တာတောင် မမြင်လိုက်ရဘူး ။)

လူတွေလည်း စိတ်ဝင်တစားနဲ့ ယင်ကောင် ကိုလိုက်ကြည်တော့ ကိုရွှေယင်ကောင်က ဟန်မပျက် ဆက်ပျံ နေသည်။ လူတွေက စိတ်ဓာတ်ကျသွားသည် ။ အဲ့ဒီအချိန်မှာ တတိယ ဆာမူရိုင်း ပြောလိုက်သည့် စကားကြောင့် ပရိတ်သတ် ကြီး ဘာပြောရမှန်း မသိ ဖြစ်ကုန်ကြသည် ။

တတိယဆာမူရိုင်း က........
“ ဒီကောင် ပျံ တာတော့ ပျံ နိုင်ပါတယ် .. ဒါပေမယ့် ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး..။

Comments :

0 comments to “ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး”