မစားချင်ဘူးလား

စိတ္တဇဆေးရုံတွင် ဆေးရုံအုပ်ကြီးက လူနာများအား ပြောကြားသည်မှာ...
" မနက်ဖြန် နိုင်ငံတော် အကြီးအကဲ ဆေးရုံမှာ လာဟောပြောမယ်
သူဟောပြောပြီးလို့ ငါချောင်းဟန့်တာနဲ့ အားလုံး လုပ်ခုပ်တီးကြပါ။ ဒါဆို မင်းတို့ကို ကြက်သားဟင်းနဲ့
ထမင်းကျွေးမယ်။ "
ဟောပြောသောနေ့သို့ ရောက်သော် အဆင်ပြေစွာ ဟောပြော ပြီးဆုံးသောကြောင့် ဗိုလ်ချုပ်မှူးကြီးက လွန်စွာ ကျေနပ်လေ၏။ ထိုအခါ ဆေးရုံအုပ်ကြီးက ချောင်းဟန့်လိုက်၏ ထင်ထားသည့် အတိုင်း အားလုံးက ၀မ်းမြောက်စွာ လက်ခုပ် တီးကြလေသည်။
သို့သော်မထင်မှတ်သော အဖြစ်တစ်ခုလည်း ဖြစ်သွားသည်။ ထိုသည်ကား
လူနာတစ်ယောက်သည် ရုတ်တရက် ဗိုလ်ချုပ်မှူးကြီး အား ပါးချလိုက်ခြင်း ဖြစ်သည်။ အားလုံး မင်တတ်နေစဉ်
သူပြောလိုက်သော စကားသည်ကား
" အရူး..မင်းကလက်ခုပ်တီးရမယ်ဆိုတာ မသိဘူးလား ကြက်သားဟင်း မစားချင်ဘူးလား။ "

Comments :

0 comments to “မစားချင်ဘူးလား”