ငါးရိုးနင်တဲ့ငွေလမင်း

ဆာကလည်းဆာလောင်
မြို့လယ်ခေါင်ကြီး

လရောင်တောင်မရှိ
ကောင်းကင်မော့ကြည့်မှ
ဟောဟို့ တိုက်အမိုးပေါ်မှာ
ထိုးထိုးထောင်ထောင် အပြိုင်အဆိုင်
တီဗွီတိုင်တွေရှုပ်ယှက်ခတ်
လမျက်နှာ အရိုးနင်နေပုံ
မြင်ရုံနဲ့မော
တောပဲပြန်ချင်တော့ပါတယ်။

( ကဗျာဆရာအောင်ပွင့်ရဲ့ ကောင်းကင်တော်တမ်းချင်း ကဗျာစာအုပ်မှကူးယူဖေါ်ပြသည်။)

Comments :

0 comments to “ငါးရိုးနင်တဲ့ငွေလမင်း”