လူတကာ့ လူ

အမဲတကာ့ အမဲဆုံးက
အိမ်ကြက်ခြင်းသုတ်တဲ့ အိုးမဲကအမဲဆုံး

အမှောင်တကာ့ အမှောင်ဆုံးက
စဉ်းစားဆင်ခြင်ညာဏ်မရှိတဲ့ အမိုက်ကမ္ဘာကအမှောင်ဆုံးပဲ
ရူးတကာ့ အရူးဆုံးက
ဆွေမသိ မျိုးမသိတဲ့ အရိုင်းဆုံးလူသား
ချမ်းသာတကာ့ အချမ်းသာဆုံးက
ဒုစရိုက်နဲ့ ယာဉ်ပါးသောသူ
ဆင်းရဲတကာ့ အဆင်းရဲဆုံးက
စစ်ဖိနပ် အောက်ကလူ
အကြောက်တကာ့ အကြောက်တတ်ဆုံးလူ
အာဏာရှင်
ရဲတကာ့ အရဲဆုံးလူ
ပြည်သူ

Comments :

0 comments to “လူတကာ့ လူ”